Friday, August 7, 2009

မေမေအိမ်အတူပြန်ကြရအောင်နော်...


ဟိုး..ငယ်ငယ်လေးတုန်းကပေါ့..ထားဝယ်မြို့ အ.မ.က (ကညှံ) မူလတန်းကျောင်းမှာ သူငယ်တန်း ကိုစပြီးတက်တဲ့ ပထမဆုံး နေ့လေးပေါ့...ကျောင်းလေးကတော့ ငယ်ငယ်လေး ပေါ့နော်..ကျောင်းသားဦးရေ လည်းသိပ်မရှိဘူး..ဒါပေမယ့် ကျမအတွက်က တော့ အဲဒီမူလတန်းကျောင်းလေး ကနေကျမကို လူလားမြောက်အောင် ပြုစုပေးခဲ့တယ်ပေါ့.....အဲဒီနေ့ လေးမှာ ကျမ ကျောင်းမသွားချင်ဘူး..အိမ်နဲ့ခွဲရမှာ အရမ်းကို ကြောက်နေမိတယ်။ ကျမသာ..ကျောင်းသွားခဲ့ရင်..မေမေ..ဟာ..ကျမအနားမှာ ရှိလိမ့်မဟုတ်ဘူး..ဆိုတာ ကျမသိနေခဲ့တယ်...။အဲဒီနေ့ မနက်အစောကြီးမှာပဲ..မေမေ.... ဟာကျမကို ကျောင်းဝတ်စုံ အဖြူ အစိမ်းလေးကို လဲပေးပြီးတော့ နံနက်စာ စားခိုင်းတယ်။ ပြီးတော့ ထမင်းဗူးလေးကို ကိုင်ပြီး မေမေ..က ကျမလွတ်အိတ်လေးကို ကူသယ်ပေးရင်းပေါ့.....။
ကျမတို့ကျောင်းက အိမ်နဲ့တော့ သိပ်မဝေးလှပါဘူး။ ကျမတို့သားအမိ (၂) ယောက်ဟာ လမ်းလျောက်ပြီး မေမေ..က ကျမလက်ကိုဆွဲ ကျမရဲ့ညီမလေးကို ချီပြီးတော့ကျောင်းကို လိုက်ပို့ပေးခဲ့တယ်...။ အဲအချိန်တုန်းက ညီမလေးက ငယ်ငယ်လေး ပဲရှိသေးတာပေါ့..ကျမနဲ့ ကျမအမေဟာ နာရီဝက်လောက် လမ်းလျောက်ပြီး ကျောင်းအ၀င်ဝကို ရောက်သွားတယ်။အဲတော့ မေမေ..က..ကဲ့..သမီးရေ ကျောင်းရောက် ပြီ ၀င်တော့နော်တဲ့...မေမေ..သွားတော့မယ်နော်တဲ့..လေ...အိမ်မှာ..သမီးသုံးဖို့ ပိုက်ဆံ နဲ့ မုန့်တွေ အဖွားဆီမှာ အပ်ထားခဲ့တယ်နော်..လို့ပြောတယ်။ မေမေ..ရွာပြန်တော့မယ်နော်... တဲ့..မေမေ..ရဲ့အသံလေးဟာ..အော်..မေမေ.. ရယ်လို့.စိတ်ထဲမှာ..စိတ်မကောင်းခြင်းများ စွာလွမ်းဆွတ်တမ်းတခြင်းများစွာနဲ့..မျက်ရည်များဟာ ပါးပြင်ပေါ် တစ်လိမ့်လိမ့်စီးဆင်း ကျနေပေမယ့်..မေမေ..မမြင်အောင်..အနောက်လှည့်ပြီး..ဟုတ်ကဲ့ပါ..မေမေ..လို့ပြော လိုက်တော့..မေမေ..က..ကျမငိုနေပြီဆိုတာသိနေတယ်လေ..မေမေ.ရယ် လွမ်းလိုက်တာ.. လွမ်းလိုက်တာ မေမေ...။ မေမေ..က ရော့သမီး အတွက်မုန့်ဖိုးတဲ့..ကျောင်းရောက် ရင်သူငယ်ချင်းတွေနဲ့ အတူတူမုန့်ဝယ်စားနော်..လို့ပြောတော့..မေမေ့ လက်ထဲမှ ပိုက်ဆံလေးကို ယူပြီးတော့..မေမေ..က.သွားတော့..သမီး..ကျောင်းတက်ခေါင်းလောင်း ထိုးနေပြီလို့ပြောတော့...ကျမ တစ်ယောက် ယောင်လည်လည်နဲ့ ကျောင်းဘက်ကို ဦးတည်ရင်းဖြင့်..အနောက်မှာတော့ မေမေ..နဲ့ ညီမလေး ဟာ ကျမကို..လက်ပြ နှုတ်ဆက်ရင်းနဲ့ပေါ့..ကျမစိတ်ထဲမှာတော့...မေမေရယ်..အတူတူအိမ်ပြန်ကြရအောင် နော်..လို့တမ်းတရင်းနဲ့ပေါ့....

No comments:

လွမ်းအိမ်သူ

လွမ်းအိမ်သူ
ဟယ်..ထားဝယ်သူလေးတွေ မောင်းမကန်မှာ ကနေကြပါလား..ငါလည်းလွမ်းနေမိတာပဲ..ကချင်လိုက်တာသူတိုလို့ပဲ..ဟ..လွမ်းနေမိပြီ ..ဒို့..ထားဝယ်ရေ..