ဒီခရီးကို ငါ
ရင်နဲ့ရင်းပြီးချီတက်ခဲ့တာပါ။
ချောက်ချွန်ကျောက်သားတိုင်းကို
ဘ၀ဘ၀တွေနဲ့ ထွင်းပြီးတက်ခဲ့တာပါ။
ပြင်းချင်ပြင်းပါစေ
ရေမရောပဲ ခပ်ကြမ်းကြမ်းပဲ ချချင်တဲ့ငါ
ခုတော့
ရိုးသားမူနဲ့အတူ
ဂုဏ်သိက္ခာတွေဟာ
နိုးဆိုင်ကလုံးနဲ့အတူ ပါသွားခဲ့ပြီ။
ရင့်ကျက်လာတာလား
ကောက်ကျစ်လာတာလား
သေချာတာကတော့
ရင်ဘတ်တွေ ရေရောခံလိုက်ရပြီ။
အဲဒီနေရာလေးမှာ
လေထဲတိုက်ဆောက်နေသူတွေရယ်
အတိတ်ကို တသသကြေကွဲပြီး တမ်းတသူတွေရယ်
အိမ်မက်ထဲ လမ်းလျှောက်သူတွေရယ်
မြေပုံတချပ်နဲ ငွေတထပ်ရယ်
ရီဂျင်ဆီအနံ့ရယ်
ငတ်ပြတ်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့
ခြောက်ကပ်စွာ စည်ကားနေတဲ့နေရာ
နေစရာနေရာမရှိသလို
စွန့်ပြေးဖို့လည်း မြေမရှိတဲ့
ငါ့ကို
ဒင်းက၀င်ဝင်ခြင်းပဲ
ဆက်ကြေးက
ရိုးသားမူ တဲ့။
သားရဲအန္တာရာယ်တွေကြားထဲ
ဒီတောလေးကိုမှ မခိုရရင်ဖြင့်
နီးရာဓါးကို ကြောက်ကြောက်ရွံ့ရွံ့နဲ့
သွေးပျက်လုမတတ်
လွတ်ရာကင်းရာအတွက်
ဈေးမဆစ်မိတာလား၊ ကြေးမသိလိုက်တာလား။
ဘုတ်တေး၊ ဘုတ်တေးခေါ်ပြီး
ပြန်ထွက်လာလို့ကော ရမှာတဲ့တယ်လား
ဝင်းကြေးတောင်ပေးရသေးရင်
ထွက်ကြေးအတွက် ပေးစရာမရှိတော့လောက်အောင်
ငါ့ဘ၀လည်း
အပျိုရည်ပျက်ခဲ့ပါပြီ။
မင်းသူ ၁။ ၈။ ၂၀၀၉ (မနက်၅း၃၀ – ၇း၃၀ မနက်)
No comments:
Post a Comment