Thursday, August 6, 2009

ကျွန်တော်တမ်းတမိနေသော အမေ့ရင်ခွင်

အေးချမ်းလှသော တန်ခူးလချိန်ခါ ဧပြီလ၀ယ် ကျွန်တော့်ကို မွေးဖွားပေးခဲ့တယ်။ ကျေးဇူးတင်တယ် မေမေ ။ ကိုးလလွယ် ဆယ်လဖွား ဒုက္ခဆင်းရဲကြားမှာ အသက်အန္တရာယ်တွေ နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ ကျွန်တော့် မေမေ ကို....။ မေတ္တာတရားတွေ အုံမှိုင်းပြီး ခြုံသိုင်းပေးခဲ့ လို့သားရဲ့ ဘ၀နွေးထွေးမှုတွေရ ခဲ့ပါတယ် မေမေ...။မြင်ယောင်နေမိတယ် မေမေ..။ ဒေါသ မောဟရိပ်တွေကင်းပြီး အမြဲတမ်းကြည်လင်လန်းဆန်း အေးမြနေတဲ့...မေမေ..ရဲ့ အပြုံးတွေကိုပေါ့။ မောင်နှမ (၆) ယောက်ထဲမှာ ကျွန်တော်က မေမေ..ရဲ့ အပြုံးတွေကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့သူပါ။ တစ်ချို့ကပြောကြတယ် အမေတူသားလေးတဲ့။ သားဂုဏ်ယူကျေနပ်ပါတယ် မေမေ....။ အားလုံးနဲ့ သင့်မြတ်အောင်နေတတ်ပြီး သူတစ်ပါးကိုလည်း သနားကြင်နာတတ်တယ်။ စကားပြောရင်လည်း နားဝင်ချိုအောင်ပြောတတ်ပြီး တိုးတိုးညှင်းညှင်း လေသံခပ်ပါးပါးလေးနဲ့ ပြောတတ်တဲ့ မေမေရဲ့ နေထိုင်ပြောဆိုဆက်ဆံမှုကတော့ ဘယ်သူနဲ့မှ မတူတဲ့အရည်အချင်းတစ်ခုပါလေ။ အထက်တန်းကျောင်းသားဘ၀ရောက်တဲ့ အထိ ထမင်းခွံ့ကျွေးခဲ့တဲ့ အရသာ။ မေမေ့ရဲ့ စေတနာ၊ဂရုဏာ ချစ်ခြင်းမေတ္တာတွေကတော့ ကျွန်တော်ဘ၀မျာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး..မေမေ..။ အခုချိန်ထိ..မေမေ..ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ကျွန်တော့်ကိုပေါ့..။ ငါ့သားဟာ မေမေ့ မျက်စိထဲမှာ တကယ်ကလေးလေးပါတဲ့လေ...။ အခုတော့လည်း မေမေ့ကို ချစ်တဲ့ သားတစ်ယောက် မေမေ့ရင်ခွင့်ရဲ့ အဝေးတစ်နေရာမှာပေါ့...ကျွန်တော် တမ်းတမိတယ် မေမေ..။မေမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်စုံကိုပေါ့....။

No comments:

လွမ်းအိမ်သူ

လွမ်းအိမ်သူ
ဟယ်..ထားဝယ်သူလေးတွေ မောင်းမကန်မှာ ကနေကြပါလား..ငါလည်းလွမ်းနေမိတာပဲ..ကချင်လိုက်တာသူတိုလို့ပဲ..ဟ..လွမ်းနေမိပြီ ..ဒို့..ထားဝယ်ရေ..