တနေ့နေ့တော့ ဖြစ်လာကောင်းပါရက်နဲံ
ယနေ့အထိ
နှစ်ပေါင်းလည်း (၂၀)ကျော်
ကျနော်တောင် လူကြီးဖြစ်တော့မယ်
အမေ။
ယုံကြည်ချက်တွေ ခိုင်မြဲပါရက်နဲ့
တွန်းတိုင်းမရွေ့
ထင်တိုင်းမပေါက်ခဲ့တဲ့ ခရီးကြမ်းရှည်ရှည်ကြီးမှာ
ကျနော် စိတ်တွေမောနေပြီ
အမေ။
တခါတရံ အမောပြေဖို့
ရေကြည်အေးတပေါက်ထက်
တိုက်ပွဲခေါ်သံ တချက်လောက်ကိုပဲ
တမ်းတမိတယ်
အမေ။
တခါတရံမှာ
ယုံကြည်မူတွေကို ဇကာစစ်နိုင်ဖို့
ကျနော်လေ....
အင်းစိန်ထောင်ကိုပဲ
တမ်းတမိတာပါ
အမေ။
ကျနော့်ယုံကြည်ချက်တွေကို
ယိုင်လှဲပြိုလှဲမသွားအောင်
ကျနော် အကွဲကွဲအပြဲပြဲနဲ့
ခရီးဆက်နေတယ်
အမေ။
အဝေးပြေးကားဂိတ်က
မျက်ရည်အပြုံးနဲ့ ခပ်မဲ့မဲ့ နှုတ်ဆက်နေတဲ့
ထာဝရမဟုတ်တောင်
တရားဝင်တွေ့ခွင့်မရှိတော့တဲ့
အမေ့မေတ္တာတွေနဲ့
ကျနော် နွေးထွေးနေပါတယ်
အမေ။
အမေ့သွန်သင်ဆုံးမမူတွေနဲ့ ကျနော်ယုံကြည်ချက်တွေအတိုင်း
ဘ၀ကို တည်ဆောက်နိုင်ဖို့
ကျနော်.. ပျော်အောင်နေနေတယ်
အမေ။
စိတ်ချအမေ
သူများမိုးခါးရေသောက်တိုင်း
ကျနော်လုံးဝမသောက်ဘူး...
အဲဒါမှ ငါ့သားကွလို့
လက်မကို ရဲရဲသာထောင်လိုက်
အမေ။
တချိန်ချိန်
ကျနော်ယုံကြည်တဲ့ပန်းတိုင်ရောက်တဲ့အထိ
အမေနဲ့ကျနော်
အမေ့ခွန်အားတွေနဲ
ခရီးဆက်ပါရစေ
အမေ။
။အမေ့အတွက် ဂုဏ်ယူနိုင်စရာ သားတယောက်ဖြစ်ပါရစေလေ။
မင်းသူ ၁။ ၈။ ၂၀၀၉ ( နေ့လည် ၂း၀၀ - ၃း၃၀)
No comments:
Post a Comment