Friday, August 7, 2009

အထီးကျန်မှုများနဲ့ ညတစ်ည...


...မိုးတဖွဲဖွဲရွာနေဆဲ..အချိန်ဝယ်.ကြင်နာယုယမှုကို မျော်လင့်တောင်းတရင်းဖြင့် ..ငါ..ဟာတစ်ညတာ အချိန်ကုန်နေမိပြီလေ...ညတစ်ည ကိုလာပြီဆိုရင်ဖြင့် ငါ့ဘ၀အတွက အရမ်းကို အထီးကျန်ဆန်လွန်းစွာ...ငါ.တစ်ခုခုကို တောင်းတနေမိ..ငါ့ဘ၀အတွက်လိုအပ်ဆဲ..ငါ့အတွက်အကောင်းဆုံးအဖော်အမော်..ငါ့အတွက်အရေးကြီးဆုံးဆိုသော ကို..တစ်ယောက် ငါ့နဲ့ အဝေးဆုံးမှာ ကျန်နေခဲ့ပြီ..ငါ့..ဟာ.ကို..ကိုပဲ အမြဲတမ်း လွမ်းဆွတ်တမ်း တရင်းဖြင့် ..ညတစ်ည..ဟာ..အရမ်းကို ရှည်ကြာခဲ့။ ည..ရောက်ပြီဆိုရင် ငါ့ရဲ့ အလွမ်းပြေသီချင်းလေး တွေကို နားထောင်ရင်း ကိုယ့်ကိုယ်ကို..ဖေးမနှစ်သိမ့်မှု တွေပေးခဲ့ပေမယ့် ..အဲဒါဟာ..ငါ့အတွက် အချည်းအနှီးသာ..အဲဒီအချိန်..ငါကြားနေမိတဲ့..အသံတစ်သံ..အချိုသာ အေးမြဆုံးသော အသံလေးနဲ့ ပြောပေးမယ့် နှစ်သိမ့်ဖေးမမှုကို ပေးမယ့်..ကို..တီ..တီ..တီ..လို့ဖုန်းသံလေးကို မြည်လာပြီဆိုရင်ဖြင့် ..ရင်ခုန်နေမိပြီလေ..လွမ်းမတတ်ပျော်နေမိပြီလေ..။ကို..ဆီက.ဟဲလို..လို့အသံလေးကြားမိလိုက်ရင်ဖြင့်.ပီတိဖြစ်ပြီးတော့ အလွမ်းတွေကို ပွင့်အန်ကျ ဆဲ..အလွမ်းတွေနဲ့ မျက်ဝန်းအိမ်ထဲမှ မျက်ရည်တွေကြွေလို့..ငါ့..ရင်ထဲ.မှာခံစားချက်တွေ..ကို..သိအောင်မပြောပြတတ်ခဲ့။ အဲဒါဟာ.အပြစ်လား..အပြစ်လား..ငါ့ရဲ့ အဖော်မဲ့အထီးကျန် တဲ့..ညတစ်ညအတွက် ..ကို.ရဲ့ နှစ်သိမ့်မှုတွေ..မျော်လင့်ဆဲပါ..ကို..မျော်လင့်ဆဲပါ.....

မေမေအိမ်အတူပြန်ကြရအောင်နော်...


ဟိုး..ငယ်ငယ်လေးတုန်းကပေါ့..ထားဝယ်မြို့ အ.မ.က (ကညှံ) မူလတန်းကျောင်းမှာ သူငယ်တန်း ကိုစပြီးတက်တဲ့ ပထမဆုံး နေ့လေးပေါ့...ကျောင်းလေးကတော့ ငယ်ငယ်လေး ပေါ့နော်..ကျောင်းသားဦးရေ လည်းသိပ်မရှိဘူး..ဒါပေမယ့် ကျမအတွက်က တော့ အဲဒီမူလတန်းကျောင်းလေး ကနေကျမကို လူလားမြောက်အောင် ပြုစုပေးခဲ့တယ်ပေါ့.....အဲဒီနေ့ လေးမှာ ကျမ ကျောင်းမသွားချင်ဘူး..အိမ်နဲ့ခွဲရမှာ အရမ်းကို ကြောက်နေမိတယ်။ ကျမသာ..ကျောင်းသွားခဲ့ရင်..မေမေ..ဟာ..ကျမအနားမှာ ရှိလိမ့်မဟုတ်ဘူး..ဆိုတာ ကျမသိနေခဲ့တယ်...။အဲဒီနေ့ မနက်အစောကြီးမှာပဲ..မေမေ.... ဟာကျမကို ကျောင်းဝတ်စုံ အဖြူ အစိမ်းလေးကို လဲပေးပြီးတော့ နံနက်စာ စားခိုင်းတယ်။ ပြီးတော့ ထမင်းဗူးလေးကို ကိုင်ပြီး မေမေ..က ကျမလွတ်အိတ်လေးကို ကူသယ်ပေးရင်းပေါ့.....။
ကျမတို့ကျောင်းက အိမ်နဲ့တော့ သိပ်မဝေးလှပါဘူး။ ကျမတို့သားအမိ (၂) ယောက်ဟာ လမ်းလျောက်ပြီး မေမေ..က ကျမလက်ကိုဆွဲ ကျမရဲ့ညီမလေးကို ချီပြီးတော့ကျောင်းကို လိုက်ပို့ပေးခဲ့တယ်...။ အဲအချိန်တုန်းက ညီမလေးက ငယ်ငယ်လေး ပဲရှိသေးတာပေါ့..ကျမနဲ့ ကျမအမေဟာ နာရီဝက်လောက် လမ်းလျောက်ပြီး ကျောင်းအ၀င်ဝကို ရောက်သွားတယ်။အဲတော့ မေမေ..က..ကဲ့..သမီးရေ ကျောင်းရောက် ပြီ ၀င်တော့နော်တဲ့...မေမေ..သွားတော့မယ်နော်တဲ့..လေ...အိမ်မှာ..သမီးသုံးဖို့ ပိုက်ဆံ နဲ့ မုန့်တွေ အဖွားဆီမှာ အပ်ထားခဲ့တယ်နော်..လို့ပြောတယ်။ မေမေ..ရွာပြန်တော့မယ်နော်... တဲ့..မေမေ..ရဲ့အသံလေးဟာ..အော်..မေမေ.. ရယ်လို့.စိတ်ထဲမှာ..စိတ်မကောင်းခြင်းများ စွာလွမ်းဆွတ်တမ်းတခြင်းများစွာနဲ့..မျက်ရည်များဟာ ပါးပြင်ပေါ် တစ်လိမ့်လိမ့်စီးဆင်း ကျနေပေမယ့်..မေမေ..မမြင်အောင်..အနောက်လှည့်ပြီး..ဟုတ်ကဲ့ပါ..မေမေ..လို့ပြော လိုက်တော့..မေမေ..က..ကျမငိုနေပြီဆိုတာသိနေတယ်လေ..မေမေ.ရယ် လွမ်းလိုက်တာ.. လွမ်းလိုက်တာ မေမေ...။ မေမေ..က ရော့သမီး အတွက်မုန့်ဖိုးတဲ့..ကျောင်းရောက် ရင်သူငယ်ချင်းတွေနဲ့ အတူတူမုန့်ဝယ်စားနော်..လို့ပြောတော့..မေမေ့ လက်ထဲမှ ပိုက်ဆံလေးကို ယူပြီးတော့..မေမေ..က.သွားတော့..သမီး..ကျောင်းတက်ခေါင်းလောင်း ထိုးနေပြီလို့ပြောတော့...ကျမ တစ်ယောက် ယောင်လည်လည်နဲ့ ကျောင်းဘက်ကို ဦးတည်ရင်းဖြင့်..အနောက်မှာတော့ မေမေ..နဲ့ ညီမလေး ဟာ ကျမကို..လက်ပြ နှုတ်ဆက်ရင်းနဲ့ပေါ့..ကျမစိတ်ထဲမှာတော့...မေမေရယ်..အတူတူအိမ်ပြန်ကြရအောင် နော်..လို့တမ်းတရင်းနဲ့ပေါ့....

Thursday, August 6, 2009

ကို နဲ့ လွမ်းအိမ်...

စက်တင်ဘာ ၅ ရက်နေ့အတွက်အကြို..

ကျွန်တော်တမ်းတမိနေသော အမေ့ရင်ခွင်

အေးချမ်းလှသော တန်ခူးလချိန်ခါ ဧပြီလ၀ယ် ကျွန်တော့်ကို မွေးဖွားပေးခဲ့တယ်။ ကျေးဇူးတင်တယ် မေမေ ။ ကိုးလလွယ် ဆယ်လဖွား ဒုက္ခဆင်းရဲကြားမှာ အသက်အန္တရာယ်တွေ နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ ကျွန်တော့် မေမေ ကို....။ မေတ္တာတရားတွေ အုံမှိုင်းပြီး ခြုံသိုင်းပေးခဲ့ လို့သားရဲ့ ဘ၀နွေးထွေးမှုတွေရ ခဲ့ပါတယ် မေမေ...။မြင်ယောင်နေမိတယ် မေမေ..။ ဒေါသ မောဟရိပ်တွေကင်းပြီး အမြဲတမ်းကြည်လင်လန်းဆန်း အေးမြနေတဲ့...မေမေ..ရဲ့ အပြုံးတွေကိုပေါ့။ မောင်နှမ (၆) ယောက်ထဲမှာ ကျွန်တော်က မေမေ..ရဲ့ အပြုံးတွေကို ပိုင်ဆိုင်ခွင့် ရခဲ့တဲ့သူပါ။ တစ်ချို့ကပြောကြတယ် အမေတူသားလေးတဲ့။ သားဂုဏ်ယူကျေနပ်ပါတယ် မေမေ....။ အားလုံးနဲ့ သင့်မြတ်အောင်နေတတ်ပြီး သူတစ်ပါးကိုလည်း သနားကြင်နာတတ်တယ်။ စကားပြောရင်လည်း နားဝင်ချိုအောင်ပြောတတ်ပြီး တိုးတိုးညှင်းညှင်း လေသံခပ်ပါးပါးလေးနဲ့ ပြောတတ်တဲ့ မေမေရဲ့ နေထိုင်ပြောဆိုဆက်ဆံမှုကတော့ ဘယ်သူနဲ့မှ မတူတဲ့အရည်အချင်းတစ်ခုပါလေ။ အထက်တန်းကျောင်းသားဘ၀ရောက်တဲ့ အထိ ထမင်းခွံ့ကျွေးခဲ့တဲ့ အရသာ။ မေမေ့ရဲ့ စေတနာ၊ဂရုဏာ ချစ်ခြင်းမေတ္တာတွေကတော့ ကျွန်တော်ဘ၀မျာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး..မေမေ..။ အခုချိန်ထိ..မေမေ..ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ကျွန်တော့်ကိုပေါ့..။ ငါ့သားဟာ မေမေ့ မျက်စိထဲမှာ တကယ်ကလေးလေးပါတဲ့လေ...။ အခုတော့လည်း မေမေ့ကို ချစ်တဲ့ သားတစ်ယောက် မေမေ့ရင်ခွင့်ရဲ့ အဝေးတစ်နေရာမှာပေါ့...ကျွန်တော် တမ်းတမိတယ် မေမေ..။မေမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်စုံကိုပေါ့....။

Saturday, August 1, 2009

အမေသို့

တနေ့နေ့တော့ ဖြစ်လာကောင်းပါရက်နဲံ
ယနေ့အထိ
နှစ်ပေါင်းလည်း (၂၀)ကျော်
ကျနော်တောင် လူကြီးဖြစ်တော့မယ်
အမေ။

ယုံကြည်ချက်တွေ ခိုင်မြဲပါရက်နဲ့
တွန်းတိုင်းမရွေ့
ထင်တိုင်းမပေါက်ခဲ့တဲ့ ခရီးကြမ်းရှည်ရှည်ကြီးမှာ
ကျနော် စိတ်တွေမောနေပြီ
အမေ။

တခါတရံ အမောပြေဖို့
ရေကြည်အေးတပေါက်ထက်
တိုက်ပွဲခေါ်သံ တချက်လောက်ကိုပဲ
တမ်းတမိတယ်
အမေ။

တခါတရံမှာ
ယုံကြည်မူတွေကို ဇကာစစ်နိုင်ဖို့
ကျနော်လေ....
အင်းစိန်ထောင်ကိုပဲ
တမ်းတမိတာပါ
အမေ။

ကျနော့်ယုံကြည်ချက်တွေကို
ယိုင်လှဲပြိုလှဲမသွားအောင်
ကျနော် အကွဲကွဲအပြဲပြဲနဲ့
ခရီးဆက်နေတယ်
အမေ။

အဝေးပြေးကားဂိတ်က
မျက်ရည်အပြုံးနဲ့ ခပ်မဲ့မဲ့ နှုတ်ဆက်နေတဲ့
ထာဝရမဟုတ်တောင်
တရားဝင်တွေ့ခွင့်မရှိတော့တဲ့
အမေ့မေတ္တာတွေနဲ့
ကျနော် နွေးထွေးနေပါတယ်
အမေ။

အမေ့သွန်သင်ဆုံးမမူတွေနဲ့ ကျနော်ယုံကြည်ချက်တွေအတိုင်း
ဘ၀ကို တည်ဆောက်နိုင်ဖို့
ကျနော်.. ပျော်အောင်နေနေတယ်
အမေ။

စိတ်ချအမေ
သူများမိုးခါးရေသောက်တိုင်း
ကျနော်လုံးဝမသောက်ဘူး...
အဲဒါမှ ငါ့သားကွလို့
လက်မကို ရဲရဲသာထောင်လိုက်
အမေ။

တချိန်ချိန်
ကျနော်ယုံကြည်တဲ့ပန်းတိုင်ရောက်တဲ့အထိ
အမေနဲ့ကျနော်
အမေ့ခွန်အားတွေနဲ
ခရီးဆက်ပါရစေ
အမေ။
။အမေ့အတွက် ဂုဏ်ယူနိုင်စရာ သားတယောက်ဖြစ်ပါရစေလေ။
မင်းသူ ၁။ ၈။ ၂၀၀၉ ( နေ့လည် ၂း၀၀ - ၃း၃၀)

ရေရောခဲ့ပါတယ်

ဒီခရီးကို ငါ
ရင်နဲ့ရင်းပြီးချီတက်ခဲ့တာပါ။
ချောက်ချွန်ကျောက်သားတိုင်းကို
ဘ၀ဘ၀တွေနဲ့ ထွင်းပြီးတက်ခဲ့တာပါ။
ပြင်းချင်ပြင်းပါစေ
ရေမရောပဲ ခပ်ကြမ်းကြမ်းပဲ ချချင်တဲ့ငါ
ခုတော့
ရိုးသားမူနဲ့အတူ
ဂုဏ်သိက္ခာတွေဟာ
နိုးဆိုင်ကလုံးနဲ့အတူ ပါသွားခဲ့ပြီ။
ရင့်ကျက်လာတာလား
ကောက်ကျစ်လာတာလား
သေချာတာကတော့
ရင်ဘတ်တွေ ရေရောခံလိုက်ရပြီ။

အဲဒီနေရာလေးမှာ
လေထဲတိုက်ဆောက်နေသူတွေရယ်
အတိတ်ကို တသသကြေကွဲပြီး တမ်းတသူတွေရယ်
အိမ်မက်ထဲ လမ်းလျှောက်သူတွေရယ်
မြေပုံတချပ်နဲ ငွေတထပ်ရယ်
ရီဂျင်ဆီအနံ့ရယ်
ငတ်ပြတ်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့
ခြောက်ကပ်စွာ စည်ကားနေတဲ့နေရာ
နေစရာနေရာမရှိသလို
စွန့်ပြေးဖို့လည်း မြေမရှိတဲ့
ငါ့ကို
ဒင်းက၀င်ဝင်ခြင်းပဲ
ဆက်ကြေးက
ရိုးသားမူ တဲ့။

သားရဲအန္တာရာယ်တွေကြားထဲ
ဒီတောလေးကိုမှ မခိုရရင်ဖြင့်
နီးရာဓါးကို ကြောက်ကြောက်ရွံ့ရွံ့နဲ့
သွေးပျက်လုမတတ်
လွတ်ရာကင်းရာအတွက်
ဈေးမဆစ်မိတာလား၊ ကြေးမသိလိုက်တာလား။
ဘုတ်တေး၊ ဘုတ်တေးခေါ်ပြီး
ပြန်ထွက်လာလို့ကော ရမှာတဲ့တယ်လား
ဝင်းကြေးတောင်ပေးရသေးရင်
ထွက်ကြေးအတွက် ပေးစရာမရှိတော့လောက်အောင်
ငါ့ဘ၀လည်း
အပျိုရည်ပျက်ခဲ့ပါပြီ။
မင်းသူ ၁။ ၈။ ၂၀၀၉ (မနက်၅း၃၀ – ၇း၃၀ မနက်)

လွမ်းအိမ်သူ

လွမ်းအိမ်သူ
ဟယ်..ထားဝယ်သူလေးတွေ မောင်းမကန်မှာ ကနေကြပါလား..ငါလည်းလွမ်းနေမိတာပဲ..ကချင်လိုက်တာသူတိုလို့ပဲ..ဟ..လွမ်းနေမိပြီ ..ဒို့..ထားဝယ်ရေ..