Tuesday, July 28, 2009

ငါ့အိမ်ကလေး..

ထာဝရ...


ငါတစ်ယောက်တည်း
ငိုကြွေးနေတဲ့အခါ
ရှိနေပေးပါ..ငါ့အနားမှာ


ငါတစ်ယောက်တည်း
စိတ်သောကများနေတဲ့အခါ
စာနာနားလည်ပေးပါ..ငါ့အနီးမှာ


ငါတစ်ယောက်တည်း
အိပ်ရာထဲ
အားမရှိတဲ့အခါ..ဖေးမပေးပါ..ငါ့အနားမှာ

ငါတစ်ယောက်တည်း
ပျော်နေဆဲအခါ
လာပျော်လှည့်ပါ..င့ါဆီမှာ

ကို....


ရင်မှာလွမ်းလည်း
သူမမြင်ပဲ
ငါလွမ်းဆွတ်ဆဲ
ကို..တော့မသိနိုင်ပါလေ..

အထီးကျန်သော ညတစ်ည
ခေါင်းအုံးပေါ်မှာ မျက်နှာဝှက်ကာ
ပုလဲမျက်ရည်တွေ ကြွေလို့
ကို..တော့မသိနိုင်ပါလေ.....

နာကျင်နေတဲ့ ငါ့ဒဏ်ရာ
ထပ်ခါထပ်ခါ ငိုကြွေးနေမိ
သူ..နဲ့ဝေးတဲ့ နေ့ရက်ပေါင်းများစွာ
မျက်ရည်တွေ အတိုင်းမသိကြွေလေပြီ
ကို...တော့ မသိနိုင်ပါလေ

ပျော်ရွင်ခဲ့တဲ့ အတိတ်များ
ပြန်လည်တမ်းတရင်းဖြင့်
ငါ့ရင်မှာ ဆွေးမြသွား
ပြန်တမ်းတမိတယ်..ကို..

တမ်းတခြင်း သို့အမေရယ်.....

အမေ..အမေလို့
ထပ်ခါထပ်ခါ ခေါ်နေမိလည်း
ဘယ်ဆီမှာမှန်း
မသိသူပါလေ....

ရင်မှာခြောက်ခြား
လွမ်းဆွတ်မှုတွေ ရင်မှာများပြားလို့
အမေ..ကိုတမ်းတမိတယ်အမေ..

နက်ရိုင်းတဲ့ အနမ်းတစ်ခု
ငါ့ရင်မှာကျန်ခဲ့
အမေ့ရဲ့မေတ္တာ
တမ်းတနေပြီ အမေရေ....

အေးမြသောရင်ခွင်
ပူလောင်တဲ့ အရာတစ်ခု
အစားထိုးမရတဲ့ အမေ့ရင်ခွင်
ပြန်လိုချင်တယ် အမေရယ်.....

Thursday, July 23, 2009

ထားဝယ်သမိုင်းအကြောင်း အကျဉ်းချုပ်

ကောဇာသက္ကရာဇ် ၁၁၁၆ ခုနစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ်မြို့ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်….. ထားဝယ်မြို့ကိုစတင်တည်ထောင်တုန်းက သာယာဝတီမြို့လို့ ခေါ်ဆို သမုတ်ခဲ့ကြတာပါ… ထားဝယ်လူမျိုးရှိပြီးမှ လူမျိုးကြောင့် ထားဝယ်မြို့လို့ခေါ်တွင်ရခြင်းဖြစ်ပါတယ်…. ထားဝယ်လူမျိုးမူလစကတည်းကရှိခဲ့လို့ နေရာဌာန ထားဝယ်က ဒုတိယလိုက်ခဲ့တာပါ… ယနေ့ထားဝယ်မြို့သည် တနင်္သာရီတိုင်း၏ မြို့ဖြစ်သည့်အားလျှော်စွာ တိုင်းမြို့၏အင်္ဂါအရပ်နင့်ညီစွာ တည်ရှိနိင်စေရန်ဘက်စုံ ပြုပြင်မွမ်းမံ တည်ဆောက်လျှက်ရှိပါတယ်… ထားဝယ်မြို့တွင် မြို့မရပ်ကွက် (၁၅)ခုနင့် ရပ်ရွာအုပ်စုပေါင်း (၂၃)ခုတို့ပါဝင်ပါတယ်.. ထားဝယ်မြို့် ရှိ မြို့မရပ်ကွက် (၁၅)ခုတွင် အိမ်ခြေ(၁၀၀၀၀)ကျော်၊ လူဦးရေ (၇၀၀၀၀)သောင်းကျော်နေထိုင်လျှက်ရှိပါတယ်…ထားဝယ်မြို့သည် အကျယ်အ၀န်းအားဖြင့် ၂၆၃၆.၁၄ စတုရန်းမိုင် ကျယ်ဝန်းပါတယ်……ရာသီဥတုကတော့ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုဖြစ်ပါတယ်… ဒေသထွက်ကုန်အနေနဲ့ကတော့ စပါး ၊ရာဘာ၊ သစ်၊ဆီအုန်း စတဲ့ သစ်တောအထွက် ပစ္စည်းများအပြင် ခဲမဖြူ ဖြိုက်နက် စတဲ့ အတွင်းထွက်ပစ္စည်းတွေ ထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်… ပညာရေးအနေနဲ့ကတော့ ထားဝယ်တက္ကသိုလ် တစ်ကျောင်း၊ နည်းပညာကောလိပ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၅)ကျောင်း၊မူလတန်းကျောင်း(၇၈)ကျောင်းတို့ ရှိပါတယ်.. ထားဝယ်မြို့ကို လေ့လာရင်း လည်ပတ်နိင်တဲ့ နေရာတွေကတော့ ဟိန္ဒားသတ္တုတွင်း၊ ရွှေတောင်စားဘုရား၊ လောကမာရဇိန်ရုပ်ရှင်တော်အမြတ်ကြီးနင့် ရှင်သာလျောင်းဘုရား၊ ရှင်ကိုးရှင် စေတီဘုရားများနင့် မောင်းမကန်ကမ်းခြေတို့ဖြစ်ပါတယ်..…………….. အားလုံးကို ရွှေထားဝယ်မှ ကြိုဆိုနေကြပါတယ်..ထားဝယ်ကို ရောက်ပြီးရင် ပြန်ချင်ကြမှာ မဟုတ်တော့ဘူး..ဟဲ..ဟဲ်

**လာလည်ပါကွယ် ဖိတ်ခေါ်တယ်**တို့များ ရွှေထားဝယ် ကကွယ်**
***ရွှေထားဝယ်မြေကိုရောက်ရင်ကွယ်*** ***လိုက်လို့ပို့ပါမယ်***
***လိုင်းလုံးကြီးတွေတလိမ့်လိမ့်နဲ့ ကွယ် ဘောကွင်းစီးလို့ရယ်.. ***
***ပျော်နိင်ပါတယ် သူငယ်ချင်းတို့ရယ် တိုများ မောင်းမကန်မှာကွယ်***

(အဟဲဟဲ ကောင်းလား ဒို့ထားဝယ်သီချင်းလေး………)

မမေ့နိုင်သောနေ့တစ်နေ့

မမေ့နိုင်သောနေ့တစ်နေ့

မိုးတွေတစ်ဖွဲဖွဲ ရွာနေဆဲ..ဘြဂုတ်လ (၈) ရက်နေ့ ၈၈၈၈ အရေးတော်ပုံနေ့မှာပဲ အခမ်းအနားတစ်ခုကို သွားရောက် ခဲ့ပါတယ်။ အဲဒီနေ့မှာ မိုးလေးဟာ တစ်ဖွဲဖွဲနဲ့ တစ်နေကုန် ရွာသွန်းလို့နေပါတော့တယ်။ အဲဒီနေ့ဟာ ကျမအတွက် မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သလိုပဲ ကျမရဲ့ ဘ၀ကိုအများကြီးပြောင်းလဲပေးစေခဲ့နေ့ဖြစ်ပါတယ်။ ကျမဟာ အဲဒီ ၈၈၈၈ အရေးတော်ပုံအခမ်းနားကို ပူးပေါင်းတက်ရောက်ပြီးနောက် နေ့လည် (၁၂) နာရီလောက်မှာ အခမ်းအနားအဆုံးသတ် သွားတယ်။ ထိုနောက်မှာပဲ ကျမတို့ဟာ နေ့လည်စာ အဖြစ်ကြာဇံချက်ကို စားခဲ့တယ်။ အဲဒီမှာ ကျမတို့နေတဲ့နေရာ (ရုံး) ကနေပြီးတော့အတူလာကြတဲ့ ကျမရဲ့အချစ်ဆုံးသူငယ်ချင်း (၂) ယောက်လည်းပါပါတယ်။ ထမင်းစားပြီးနောက်မှာပဲ ကျမတို့ သူငယ်ချင်း (၃) ယောက်ဟာ ဓါတ်ပုံတွေကို ရိုက်ခဲ့ကြတယ်။ ပြီးနောက် (ရုံး) ကိုပြန်လာတော့မယ့် အချိန်မှာပဲ ကျမတို့မှာ ပြသနာတက်နေခဲ့ပါတယ်။ အကြောင်းကတော့ ကျမတို့ လာတဲ့အချိန်တုန်းက သူငယ်ချင်းတစ်ယောက် ကကျတော့ ဆိုင်ကယ်နဲ့ ရုံးကလူကြီးတစ်ယောက်နဲ့ လိုက်လာပြီးတော့ ကျမနဲ့ နောက်သူငယ်ချင်းတစ်ယောက်က ကျတော့ ကား နဲ့လာခဲ့ကြတယ်လေ။ ပြန်ကျတော့ ဆိုင်ကယ်နဲ့လာတဲ့ သူငယ်ချင်းကတော့ နေလည်စားစားပြီးတာနဲ့ ပြန်သွားရော..ကျမတို့ (၂) ယောက်ကတော့ ကားကိုစောင့်ရင်းကျန်ခဲ့တယ်။ ဒါပေမယ့် ကျန်ခဲ့တော့ ကျမအရမ်းကိုပျော်နေတယ်။ ဘာကြောင့်လဲဆိုတော့ ကျမက မိုးရေထဲမှာပဲ လမ်းလျောက်ချင်တာလေ..ဟဲ..ဟဲ..ကျမက ဟိုး…..ငယ်ငယ်လေးကတည်းက မိုး..ရေဆိုရင်အရမ်းကို နှစ်သက်မြတ်နိုးတယ်..ဘာကြောင့်မှန်းကို မသိဘူး..မိုး….. ဆိုတာနဲ့ မိုးရွာပြီဆိုတာနဲ့ပဲ..ကျမရဲ့ခံစားချက်တွေဟာ အလိုလိုဖြစ်ပေါ်လာစေပါတယ်။ မိုး….ရွာပြီဆိုတာနဲ့ မို…ရေထဲမှာ အလိုလိုနေရင်းစိတ်တွေက တက်ကြွင်္ပြီးတော့ မိုးရေထဲမှာ ပြေးဆော့ချင်တဲ့ စိတ်ကလေးတွေဖြစ်ပေါ်စေ တယ်..ဖြစ်ချင်တော့လဲ.. (၈၈၈၈) နေ့ဟာ မထင်မှတ်ပဲနဲ့ မိုးတွေတစ်နေကုန်ရွာတယ်…အဲတော့လမ်းလမ်းလျောက်ချင် စိတ်တွေက ပိုများနေတော့လေ..ကားကိုလည်းစောင့်ရတာ စိတ်မရှည်တာနဲ့ မိုးရေထဲမှာ လမ်းလျောက်မယ်လို့ စိတ်ကူးမိတယ်လေ..ကျမရဲ့ သူငယ်ချင်းဟာ လည်းပဲကျမကို အရမ်းလည်း ခင်တယ်အရမ်းလည်းချစ်တယ်လေ..အဲဒါ နဲ့ သူလည်း ကျမရဲ့ စိတ်အလိုတိုင်း လိုက်လျောပေးခဲ့တယ်လေ။ ကျမအရမ်းပျော်တာပဲ..အဲဒီအချိန်မှာပဲ..အခုကျမရဲ့ ဘ၀..ကျမရဲ့ အချစ်ဆုံး…နားလည်ပေးနိုင်ဆုံး ကျမကိုအချစ်ဆုံး..သူလေးနဲ့၈၈၈၈ နေ့မှာပဲ လုံးဝ (လုံးဝ) မမေ့နိုင်သော ဘ၀တစ်ခုကိုပြောင်းလဲစေခဲ့ပါတယ်…သူဟာ ကျမကို ချစ်နေတယ်တဲ့…ဒါကိုနောက်မှသိခဲ့ရတာပါလေ..အဲတော့ သူကပြောတယ်..သူလည်းလမ်းလျောက်ပြီးတော့ ကျမတို့နဲ့ အတူတူပြန်မယ် တဲ့..ကျမတို့ကို လိုက်ပို့ပေးမယ်လို့ပြောတော့..အဲ…အရမ်းပျော်တာပေါ့နော်….ဘာကြောင့်လဲဆိုတော့ ကျမတို့အခုရောက်နေတဲ့ နေရာနဲ့ သွားရမယ့်နေရာ (ရုံး) ကိုပြန်ရမှာ ဝေးတော့ဝေးတယ်လေ..အဲဒီ.အကြားထဲ ထိုင်းရဲကိုလည်းကြောက်ရသေး.. လက်မှတ်လည်းမရှိတော့လေ..ဟဲ.. အဲတော့ ကျမတို့သူငယ်ချင်း (၂) ယောက်တည်းသွားရမှာထက်စာရင်..သူလေး..ပါတော့ တော်တော်ကိုပျော်သွားတယ်..အဟဲ..ပြောရမယ်ဆိုတော့ ရှက်စရာကြီးသိလား…ကျမကလည်းသူကို အရင်တစ်ခေါက်မြင်ကတည်း ကြိတ်ခိုက်နေတာကိုး…ဟီးးးးးရှက်စရာတော့မဟုတ်လောက်ဘူးနော်…အဟဲ..သူတော့မသိရှာဘူးလေ..ကျမခံစားချက်ကို ကြိတ်ခိုက် နေတာကိုပြောတာနော်။ အဲတော့ကျမတို့ (၃) ယောက်စပြီး လမ်းလျောက်တော့တာပဲ..မိုးရေထဲမှာ…အရမ်းသတိ ရစေတာ တစ်ခုကတော့ ဘာလဲဆိုတော့.သူဝတ်လာတာက အစိမ်းရောင်လက်ရှည်လေးလေ အပေါ်မှာထပ်ဝတ်လာတာ.တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျမကလည်း အစိမ်းရောင်ဆို အရမ်းကြိုက်..အရမ်းခိုက်တယ်လေ.. ပိုတောင်ဆိုးသွားပြီနော်..ဟီး…ကြိတ်ခိုက်မိနေတာကို ပြောတာနော်။ ပြီးတော့ဦးထုပ်ကိုတော့ အမဲရောင်နဲ့ အ၀ါရောင်လေးစပ်ထားတဲ့ သိုးမွေးဦးထုပ်လေးကို ဆောင်းလာပါတယ်။ အဲဒါလေး လည်းပါသေး သူကတော်တော်လေးကိုခန့်တာသိလား..ကျမ သူကိုမနာလိုတောင်ဖြစ်မိတယ်…ဟီး..သူကအရမ်းကြည့်ကောင်းနေတာ ကိုး..သူများအတွက်တော့ဟုတ်ပါဘူး.ကျမတစ်ယောက်တည်းအတွက်ကိုပြောတာနော်..တစ်ကိုယ်လုံးက မိုးရေတွေစိုနေတော့လေ သူရဲ့အပေါ်အကျီင်္အစိမ်းရောင်လေးနဲ့ ဦးထုပ်လေးကိုချွတ်လိုက်ပြီးတော့ သိုးမွေးဦးထုပ် ကိုကျတော့ ကျမသူငယ်ချင်းတစ်ယောက်ကို ပေးလိုက်တယ်..ပြီးတော့အကျီအစိမ်းရောင်ကိုကျတော့..ကျမကိုယ်ပေါ်မှာလာတင်ပေးလိုက်တယ်..ကျမရင်တွေခုန်လိုက်တာနော်…ဟီး..ပြီးတော့လေ အရမ်းကိုပျော်တယ်အရမ်းပဲ ဆက်လျောက်နေရင်းနဲ့ပဲ လမ်းတ၀က်အရောက်မှာ သူရဲ့ဖုန်းအဖြူရောင်လေးကို ကျမလွယ်အိတ်ထဲ ထည့်ပေးပါတဲ့..ကျမယူပြီးတော့ထည့်ပေးလိုက်တယ်.. ကျမသူငယ်ချင်းကတော့ တစ်ယောက်တည်း ရှေ့ကနေပြီးတော့ ခပ်မြန်မြန်ပဲ လမ်းလျောက်နေပါတယ်.. အခုထာဝရလက်တွဲဖော်က ကျမကိုချစ်နေတာကို သူငယ်ချင်းကသိတော့ ရှောင်ပေးတယ်တဲ့လေ…. အဟဲ..ဘယ်လောက်တော်သလဲနော်…တလမ်းလုံး စကားတွေပြောလာလိုက်တာ (၂) ယောက်သား သူမေးတာတွေလည်းအကုန်ဖြေမိတယ်..သူကိုလည်း ပြန်မေးရင်းနဲ့ပေါ့ ၂ ယောက်သား။ ပြီးတော့ (ရုံး) ကိုရောက်ခါနီးပေါ့နော်..သူက မေးလာတယ် အခမ်းအနားမှာ စားခဲ့တာဝရဲ့လားတဲ့လေ…ရုံးကိုရောက်ရင် ဘာမှမရှိဘဲနေရင် ဗိုက်ဆာနေလိမ့်မယ်တဲ့..တစ်ခုခုစား ဒါမှမဟုတ်ရင်လည်း တစ်ခုခုဝယ်သွားပေါ့..လို့ပြောတယ်..အဟဲ..စိတ်တောင်ပူတတ်သေးကျမအပေါ်မှာ..အဲဒါကြောင့်ပြောတာ သူကကျမဘ၀ရဲ့ ထာဝရအဖော်အမော်ကောင်းတစ်ယောက်ပါလို့..အချစ်ဆုံးပါလို့.. ကျမကတော့ မစားတော့ဘူးလို့ပြောလိုက်တယ် ရုံးရောက်မှပဲစာေးတာ့မယ်လို့..အဲတော့ပြောပြီးခနလေးမှာပဲ ရုံးကိုရောက်သွားကြတယ်။ ရုံးကိုရောက်တော့ ၃ ယောက်စလုံး မိုးရေတွေ စိုရွဲနေရောပဲပေါ့..အဲဒီနေ့က ကျမ၀တ်ထားတာကလေ အနီရောင်အကျီင်္လေးလေ တိုက်တိုက်ဆိုင်ဆိုင်ပဲ.သူလည်းအနီရောင်ဆို အရမ်းကြိုက်တယ်..အဲဒါကတော့ (နောက်မှသိရတာပါ) ထင်တာကတော့ သူလည်းကျမကို အရမ်းခိုက်သွားတယ် ထင်ပါရဲ့..ဟီး…အိမ် ကိုရောက်တဲ့အချိန်မှာ ကျမသူခြုံပေးထားတဲ့အကျီလေးကိုချွတ်ပြီးတော့ အိမ်ပေါ်ထပ်မှာပဲ လှမ်းထားလိုက်တယ်။ သူ့အတွက်ကိုတော့ မျက်နှာသုတ်ပုဝါ (ပန်းရောင်) လေးကို သူခေါင်းမှာရေစိုနေတာ သုတ်ဖို့အတွက်ပေးလိုက်တယ်။သူကမေးလိုက်သေးတယ်..အဲဒါဘယ် သူဟာလဲတဲ့..ပြန်ပြောလိုက်တယ် ဘယ်သူ့ဟာပဲဖြစ်ဖြစ်ပေါ့လို့..ကျမက သူကိုလေ..အဲတော့သူခေါင်းကိုရေသုတ်င်္ပြီးတော့ ပုဝါလေး ကိုပြန်ပေးလိုက်တယ်..အဲဒီနေ့မှာပဲ သူအတွက်အရမ်းကို အခက်တွေ့နေပြီ ..သူ့အိမ်ကို ပြန်မယ့်ပြသနာပေါ့နော်..သူကလမ်းလျောက် လာတယ်ဆိုတော့ ဆိုင်ကယ်ကမရှိဘူးလေ..အဲတော့သူများဆီမှာဌါးရပြန်ရောကွာ..စိတ်တော့မကောင်းဘူးပေါ့နော်…အဲတော့ သူရုံးကို အပြန်ခင်တော့ အင်တာနက်ကိုပဲ သုံးနေခဲ့တယ်။ ကျမလည်း အရမ်းကိုပျော်နေတာပေါ့.မေ့လည်းမမေ့နိုင်ဘူး..အဲဒီနေ့လေးကိုလေ..သူ လည်းကျမလိုပဲပျော်လိမ့်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလည်းကျမကို ချစ်နေတာကိုး..ဟုတ်ဘူးလား..ပြီးတော့ ကျမလေ သူအကျီင်္လေးကို သူ့ဆီပြန်ပေးတယ်တဲ့အချိန်မှာ သူကဘာပြောလဲဆိုတော့..အမှတ်တရလေးတဲ့..သိမ်းထားပါတဲ့လေ..ဟား.. တကယ်လားလို့..တကယ်ပဲလား…လို့မေးပြီးတော့..ငြင်းတောင်မငြင်းတော့ဘူး..သိမ်းထားလိုက်တယ်..အခုတော့လေ..အရမ်းကို ၀မ်းနည်းတယ် အကြောင်းအမျိုးမျိုးကြောင့် အဲဒီ အကျီလေးဟာကျမလက်ထဲမှာ မရှိနိုင်ခဲ့ဘူးလေ..ဒါပေမယ့် အမြဲတမ်းမျော်လင့် တမ်းတနေတယ် အဲဒီအကျီလေးကို..ဘယ်တော့ပြန်ပေးမလဲဆိုတာလေးကိုလေ…ဘယ်တော့ပြန်ရှာတွေ့မလဲပေါ့…သူနဲ့ကျမဟအကြား မှာ ဘာပြသာနာမှ မရှိခဲ့ပါဘူး…အခုချက်ချင်း အဲဒီအကျီလေးကိုပြန်ရမယ်ဆိုရင်သိပ်ကောင်းမှာပဲ..အဲဒီအကျီဟာ ကျမတို့ ၂ ယောက် အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အကျီလေးပါ..စတွေ့တွေ့ချင်းမှာ ပဲရလိုက်တယ်..အဲဒီအကျီလေးကို ပထမဆုံး ကိုယ့်ချစ်သူ ဆီကရလိုက်တယ်ဆိုတော့..ကဲ..စဉ်းစားကြည်ပေါ့်နော်…ဘယ်လောက်ထိ..သူ့ကိုကျမ အရမ်းချစ်တယ်..အရမ်းမြတ်နိုးတယ်..တန်ဖိုး လည်းအရမ်းထားတယ်..ထာဝရလက်တွဲဖော်..ကျမရဲ့ အရမ်းကိုအရေးပါအရာရောက်တယ်..အရမ်းချစ်တဲ့ ကျမရဲ့ ဘ၀ပဲ ဖြစ်တယ်လေ. နောက်တစ်လဆိုရင် ၈၈၈၈ ဆိုတဲ့အရေးတော်ပုံနေ့ကို ရောက်လာတော့မှာ…..ဒါပေမယ့်..ဒါပေမယ့်..ကျမတို့ ၂ ယောက်ဟာ တစ်ယောက် တစ်နေရာ..ဘ၀အခြေအနေအရ တစ်ယောက်တစ်နေရာမှာ….ကျမ ဘယ်လိုလုပ်ရမလဲ..ကျမမခံစားနိုင်ဘူး..အခုတော့.. အခုတော့လေ…မိုးတွေကော ရွာအုံးမှာလား..သူနဲ့ကော အဲဒီနေ့မှာဆုံမှာလား..ဆုံချင်လိုက်တာ…တွေ့ချင်လိုက်တာ..အတူတူ အဲဒီအခမ်းအနားကို သွားချင်လိုက်တာ..ဆုံမှာလားဟင်..၈၈၈၈ နေ့မှာ..၈၈၈၈ နေ့မှာ ကျမဘ၀ရဲ့ တန်ဖိုးရှိသော မမေ့နိုင်သော နေ့တစ်နေ့….အဲဒီနေ့ကျရင်လေ..ကျမ..အချစ်ဆုံးသူငယ်ချင်း ၂ ယောက်ကိုလည်းလွမ်းလိုက်တာ…သူတို့နဲ့လည်းအတူတူသွားချင် သေးတယ်ကွာ..ကျမလေ သူနဲ့အတူတူရှိချင်တယ်..အဲဒါက ကျမရဲ့အဖြစ်ချင်ဆုံး..အလိုအပ်ဆုံး အတမ်းတဆုံး ပဲလေ…မျော်လင့် မိတယ်..တမ်းတမိတယ်…ဒါပေမယ့်..ဒါပေမယ့်..ပေါ့…ဟာ….ကျမတို့ (၂) ယောက်ရဲ့ ဘ၀ဟာ…….

Tuesday, July 21, 2009

"နှလုံးသားကို နွေးထွေးရင် ဒါဟာလည်းအိမ်"

"နှလုံးသားကို နွေးထွေးရင် ဒါဟာလည်းအိမ်"
သီချင်းစားသားလေးပါ.. အိမ်လွမ်းသူ အဝေးရောက်နေသူများအတွက်တော့ အိမ်ပေါ့.

တကယ်တော့ ... ကျနော်မှာ အိမ်ရှိခဲ့ပါတယ်။ လူတိုင်းမှာ ရှိသလို့မျိုး ကျနော်မှာလည်း အိမ်ရှိပါတယ်။ အမေ့အိမ်ဟာ ကျနော့်အိမ်ပဲပေါ့။
ကျနော်မွေးကတည်း ကြီးပြင်လာတဲ့အထိ နေခဲ့အိမ်လေး၊ အမေ့အိမ်လေးဟာ ကျနော်အိမ်ပဲပေါ့။ အဲဒီအမေ့အိမ်မှာ ကျနော်အတိတ်တွေ ရှိခဲ့တယ်။ ကျနော်အိမ်မက်တွေရှိခဲ့တယ်။ ကျနော်စိတ်ကူးတွေ၊ ကျနော့်အနာဂတ်တွေ နောက်ကျနော့်ကဘာကြီးတခုလုံးရှိခဲ့တယ်။ အဲဒါ ကျနော်အိမ်လေးပါ။ အမေရှိတယ်။ အဖေရှိတယ်။ ညီအစ်ကိုမောင်နှမတွေရှိတယ်။ ကျနော်ရှိတယ်။
ဒီအိမ်လေးမှာ ကျနော်တို့တွေ ရန်ဖြစ်ခဲ့ကြတယ်။ စကားများခဲ့ကြတယ်။ ဒီအိမ်လေးထဲမှာပဲ ထမင်းတူတူစားခဲ့ကြတယ်။ ကျောင်းအတူတူ သွား ခဲံကြတယ်။ ဘ၀ရဲ့အနာဂတ်တွေကို တိုင်ပင်ခဲ့ကြတယ်။ စာအတူတူကြက်ခဲ့ကြတယ်။ ကျနော်တို့မောင်နှမတွေအတူတူနေတဲ့အိမ်လေး ပေါ့။ ဒီအိမ်လေးမှာပဲ ထမင်းကြမ်းနဲ့ကန်စွန်းရွက်ကြော်ကို အားရပါးရ နေစဉ်ရက်ဆက်စားခဲ့တာ။ ကြက်ဥတခြမ်းကို ချဉ်ဟင်းချက်ပြီး ခွက်သေးသေးလေး ဝေးမျှစားသောက်ခဲ့တာ။ တနေ့မုန်ဖိုးပြား(၅၀)နဲ့ကျောင်းတက်ခဲ့တာ။ မနက်စောစောအိပ်ရာကထပြီး ဘောလုံးကွင်းကို အပြေးသွားခဲ့တာ ဒီအိပ်ပဲပေါ့။
အမေကပြောတယ် သားစာကြိုးစားပါတဲ့ ကျနော်ကပြန်ပြောတယ်စိတ်ချပါအမေ သားအရွယ်ရောက်လာရင် အမေ့ကို တိုက်အိမ်အကြီး ကြီးမှာ ကားနဲ့ထားမယ်လို့ပြောတော့၊ အမေက ရယ်ရှာတယ်။ အမေ့ကို ဒီလိုအိမ်မျိုးမှာမထားဘူး လို့ဆက်ပြောတော့ အမေမျက်နှာမ ကောင်းဖြစ်သွားတယ်။ တကယ်တော့ အဲဒီအိမ်ကလေးမှာပဲ ကျနော်တို့လူလားမြောက်ခဲ့ကြတာပါ။ ဒီအိမ်ကလေးမှာပဲ အမေ့ရဲံ့မေတ္တာတွေ နဲ့ အဖေရဲ့ချစ်ခြင်းတွေနဲ့အတူ မောင်နှမတွေ စုံစုံလင်လင်နေခဲ့ကြတာပါ။
တကယ်တော့အိမ်ကလေးဟာ သေးသေးလေးပါ။ တဲပုလေးပါ။ ဘေးနားမှခြံကနည်းနည်းတော့ကျယ်ပါတယ်။ အိမ်ရှေ့အ၀င်မှတော့ ပန်းပင်လေးတွေ ဟိုဘက်ဒီဘက်မှာ စိုက်ထားပါတယ်။ အိမ်အ၀င်လမ်းကလေး ဂ၀ံကျောက်ခင်းထားတဲ့လမ်းလေးပါ။ အိမ်ရှေ့ခြံစည်းရိုး တည့်တည့်မှာ မကျဉ်းပင်ကြီးတပင်ပေါက်နေပြီး၊ ခြံဝန်းထဲမှာတော့ အုန်ပင်(၈)ပင်တိတိရှိပါတယ်။ အုန်းသီးတော့ တော်တော်ကို ပေါပေါ လောလောစားခဲ့ရတယ်။ ခြံနောက်ဘယ်ညာအစွန်းမှာတော့ ပိတောက်ပင်အကြီးကြီးတပင်ရှိပါတယ်။ ရပ်ကွက်ထဲမှာတော့ အကြီးဆုံး ပိတောက်ပင်ကြီးပါပဲ။ သင်္ကြန်ကျရင် ခြံလေးဟာ ပိတောက်ပန်းတွေနဲ့ သိပ်လှ၊သိပ်ကျက်သရေရှိပါတယ်။ ခြံနောက်ဘယ်က ဘယ်အစွန်း အိမ်ရဲ့နောက်ဘက်တည့်တည့်မှာတော့ မို့ပင်ကြီးတပင်ရှိပါတယ်။ ခြံရဲ့အရှေ့ညာခြမ်းမှာတော့ ရေတွင်းတတွင်းရှိတယ် အဲဒီမှာပဲ ရေချိုးကြ တယ်။ ခြံတံခါးကတော့ အိမ်နဲ့မျက်နှာချင်းဆိုင် တည့်တည့် ခြံရဲ့ ဘယ်ဘက်အခြမ်းလေးမှာပေါ့. ခြံစည်းရိုးနဲ့ အိမ်နဲ့ကြားမှာ ဂျစ်ကား တစီး စားကျော်ကျော်နေရာလေး ရှိနေပီး ကျနော်တို့ မောင်နှမများရဲ့ကစားကွင်းပါပဲ။ နောက်ဘယ်ခြံစည်းရိုးနဲ့ အိမ်နဲ့လည်း နည်းနည်းလှမ်းပါ တယ်။ ခြံကကျယ်တယ်လို့ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှတော့ အိမ်နောက်ဘက်မှာ ခြံခတ်ပြီး ကြက်ကိုတပိုင်တနိုင်မွေးပါသေးတယ်။ မေမနဲ့မမတို့ညီမတိုကတော့ အားရင်အားသလို့ ခြံထဲမှာ ပန်းပင်တွေစိုက်ထားတတ်ပါတယ်။ တချို့အပင်တွေကတော့ ကျနော့်အတွက် အဖရဲ့ကြိမ်တုတ်တွေပါပဲ။ အိမ်ထဲကို ၀င်မယ်ဆိုရင် လှေကားလေး (၃)ထပ်လှမ်းရပါတယ်။ အိမ်ကဆောက်ထားတာ အရှေ့ဘက်ကို ခပ်စောင်းစောင်းလေးပါ။ အဖေကတော့စတိုင်လို့ပြောတာပဲ..ကျနော်တိုတော့ပြိုကျမှာလန့်နေမိတာပါ။ အိမ်ခန်းလေး(၃)ခန်းမှာ မိသားစု (၈)ယောက်နေပါတယ်။ တခန်းတခန်းဟာ အကျယ် (၅)ပေ အရှည် (၆)ပေခွဲလောက်ကျယ်ပြီး အည့်ခန်းတော့မ၇ှိတော့်ပါဘူး။ တအိမ်လုံး မှာ အပေါများဆုံးက အ၀တ်ဖြစ်ပြီး မရှိဆုံးကတော့ အစားသောက်နဲ့ပိုက်ဆံပါပဲ။ အ၀တ်ဆိုလို့အကောင်းတော့မဟုတ်တော့ပါဘူး၊ သိမ်း ထားတာများလို့ပါ။ မှတ်ညာဏ်ထဲမှာယခုတိုင် ထင်ထင်ရှားရှားမြင်နေရတုန်းပါ၊ အိမ်မက်ထဲမှာလဲ အဲဒီအိမ်ကို ခနခနရောက်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်ကျော်လောက်တုန်းကပါ။ အဲဒီအိမ်ကလေးနဲ့ အဲဒီဘ၀ကလေးကို ကျနော်ယခုအထိ တမ်းတနေတုန်းပါ။
အဲဒီအိမ်က ကျနော်တို့ပြောင်းတော့ ကျနော်(၈)တန်းတက်နေတုန်းပေါ့။ ကျနော့်ဘ၀တွေ တဆစ်ချိုးပြောင်းသွားတဲ့အခြေအနေပါပဲ။ အဲဒီက တဆင့်အိမ်တွေ အိမ်တွေပြောင်းပြောင်းလာခဲ့ကြတာ အိမ်တွေလည်းမနည်း ရပ်ကွက်တွေလည်းစုံခဲ့ပါတယ်လေ။
ပထမဆုံးအိမ်ကိုလွမ်းခဲ့တာကတော့ အိမ်ပေါ်ကစဆင်းခဲ့တဲ့နေပါ။ မိဘရဲ့စကားကို ပြန်ခံပြော၊ ကိုယ်ကိုကိုယ်အဟုတ်ကြီးမှတ်ထင်ပြီး တော့အိပ်ပေါ်ကနေ အ၀တ်တထည်ကိုယ်တခုနဲ့ဆင်းလာခဲ့တာပါ။ ရန်ကုန်မြို့ထဲကို ခြေလျင်လျှောက်ပြီး ဦးတည်ရာကိုသွားနေခဲ့တယ်၊ ပိုက်ဆံတပြားမှမပါ ဗိုက်ဟောင်းလောင်းနဲ့ ရန်ကုန်မြို့ဘတ်စကားဂိတ်မှာ ခြေစုံပစ်ပြီးထိုင်နေတုန်းမှာ အိမ်ကိုစလွမ်းခဲ့တာပါ။ အနည်းဆုံး သွားချင်ရာသွားပြီးနောက်မှာ ပြန်စရာအိမ်ကလေးတခု၊ အိပ်စရာအမိုးအကာနဲ့ ဖျာလေးတချပ် စောင်လေးတခု၊ ဒါဟာအိမ်ပါပဲ။ ကျနော် မှာသွားစရာနေရာမရှိ၊ ပြန်စရာနေရာမရှိ ၊ အိပ်စရာနေရာမရှိတဲ့အချိန်မှာ အိမ်ရဲ့တန်ဖိုးကို စသိခဲ့ရတာပါ။ အော်... အိမ်ဆိုတာ တကယ် တော့ ငါ့အတွက် လုံခြုံမူအပေးနိုင်ဆုံး၊ ငါ့ဘ၀အတွက် အကာအကွယ်နေရာလေးတခုပါလားဆိုပြီးသဘောပေါက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျနော့်ခြေလှမ်းတွေဟာ အိမ်ဘက်ကို ပြန်လှည့်ခဲ့ပါတော့တယ်။ ဒါဟာအိမ်ကိုစလွမ်းပြီး အိမ်ရဲ့အဓိပ္ပါယ်ကို စသ ဘောပေါက်နားလည်တဲ့အချိန်ပါ။ ကျနော်အသက်(၁၄)နှစ်အရွယ်ပါ။ ကျနော်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ အိမ်ရဲ့အနှစ်သာရ ကို ပိုသဘောပေါက်နားလည်ခဲရတယ်။ အဲဒါကတော့ နွေးထွေးမူနဲ့ စိတ်အေးချမ်းမူပါ။ အိမ်ကိုစမြင်မြင်ခြင်းရင်ခုန်ရသလို အိမ်ထဲခြေလှမ်းစ တာနဲ့ကို ကျနော့်ရင်ထဲမှာ နွေးထွေးမူတွေစုပြုံခံစားလာရပါတယ်။ အိမ်ရဲ့နွေးထွေးမူတွေက ကျနော်ကိုသိမ်းကြုံးဖက်ထားလိုက်ပါတော့ တယ်။ အဲဒီနွေးထွေးမူတွေကနေတဆင့် စိတ်အေးချမ်းမူကိုခံစားလာရပါတယ်။ အပူအပင်ကင်းမဲ့တဲ့ဘ၀လေးဟာ ဒီအိမ်ရဲ့ အမိုးအောက် မှာပဲရှိနေပါလားဆိုတဲ့အသိနဲ့ ကြည်နူးမိပါတယ်။ တကယ်တော့ အိမ်နဲ့မိဘ တူတူပဲ၊ ခွဲမရဘူးဆိုတဲ့အသိကတော့ ကျနော် ဘ၀တက္ကသိုလ် အရောက်မှာစသိခဲ့ရတာပါ။
အရွယ်တွေရောက်လာကြတဲ့အချိန်မှာတော့က ကျနော်တို့အိမ်ကလေးဟာ ၂ ထပ်တိုက်ပုလေးတလုံးပါ။ ကိုယ်ထူကိုယ်ထဆောက်လုပ် ထားတာပါ။ အဲဒီအိမ်ကလေးဆောက်လို့မပြီးမစီးခင်မှာပဲ ကျနော်ဟာအိမ်ကနေ တကိုယ်တော်ပြောင်းေ၇ွလိုက်ရပါတယ်။ ဘ၀တက္ကသိုလ် ဆီသို့ပေါ့။ နာမည်ကျော်အင်းစိန်ထောင်က တိုက်ခန်းထဲမှာ ကျနော်ဟာ အိမ်ကိုလွမ်းခဲ့ရပါတယ်။ ဆွေးခဲ့ရပါတယ်။ စိတ်ကူးတွေထဲမှာ အိမ်ကိုမကြာ ခန ရောက်ခဲ့ပါတယ်။ ပထမဆုံးရုံးအထုတ်မှာအမေနဲ့ဆုံတဲ့အချိန်မှာတော့ ကျနော့်ရင်ထဲ့မှာ အိမ်ကပထမဆုံး ထွက်ပြေးပြီး ပြန်လာခဲ့တုန်းက ခံစားမူတွေပြန်ခံစားခဲ့ပါတယ်။ အမေကျနော့်ရှေ့မှာကျတဲ့မျက်ရည်တွေဟာ ဒီတခါကျတော့အတွက် သိပ်ကိုတန်ဖိုးကြီး ပြီး အဓိပါယ်ရှိခဲ့ပါတယ်။ အမေရှိတဲ့နေရာဟာ ကျနော်အိမ်ပဲ။ အိမ်ရှိတဲ့နေရလေးဟာ အမေရှိနေတဲ့နေရာပဲ ဆိုတဲ့အတွေး၊အသိတွေကို ကျနော် စတင်ခံစားသိရှိခဲ့တာပါ။ ကျနော်အသက် (၁၉)နှစ်ပြည့်မှာပါ။
အခုတော့ ကျနော်လည်း တိုင်းတပါးနိုင်ငံမှာ အမေနဲ့လည်းဝေးကွာ၊ အိမ်နဲ့လည်းခွဲခွာတဲ့အချိန်မှာ ကျနော်ပိုပြီးသဘောပေါက်နားလည်း လာခဲ့တာကတော့။ ကျနော်ရဲ့နှလုံးသားပါပဲ။ တကယ်တော့ အမေဟာကျနော်နှလုံးသားထဲမှာအမြဲရှိနေတယ်ဆိုရင် ကျနော်ဟာလည်း ဘယ်ကမ္ဘာရောက်ရောက် အိမ်မှာနေနေသလိုပါပဲ။ အမေရှိတဲ့ကျနော်နှလုံးသားဟာ နွေးထွေးသလို၊ ကျနော့်နှလုံးသားနွေးထွေးတဲ့နေရာ လေးဟာလည်း ကျနော့်ရဲ့အိမ်ပါပဲ။
အမေနဲ့အိမ်ကိုလွမ်းရင်

ဟဲလို..

တိတ်ပါတော့..ကွာ
လွမ်းပြီးရင်းလွမ်းနေမိတာ..ဘာကြောင့်လဲ

စောင့်နေတယ်ဟေ့..မင်လေးကို

ဟေ့...အာလုံးနားထောင်..ဒီမှာ ငါထိုင်နေပြီ ..စောင့်နေပြီ..မင်းသိလား..မင်းသိလား..

ဟားးးးးးးးးးးးးးး

အေးချမ်းသော....ညမိုက်တစ်ခုမှာ...

အေးချမ်းသော...လေပြည်နဲ့အတူပဲ..ငါဟာ မှောင်မဲနေသော..ညအခါမှာ..ဟိုး..အဝေးဆုံးတောင်တန်းလေးကို ငေးမောမိရင်းနဲ့ပဲ..တစ်ညတာ အချိန်ကုန်မှန်းမသိကုန်ဆုံးခဲ့ပြီလေ..အခုတော့...ဘ၀မှာ..အထီးကျန်..မိုးတိမ်တွေ မဲမှောင်အောင် ဖုံးထားသော နေ့တစ်နေ့..ငါအလင်းရောင်ကို တမ်းတ..အပြာရောင် ကောင်းကင်ပြာကြိးတစ်ခုကို မက်မောရင်းနဲ့..ငါ.......

ချစ်သူနားဆင်ဖို့

အဝေးရောက်နေသူတစ်ယောက်..
ငါကိုများတမ်းတနေမလား..
ငါကိုများစောင့်နေမလား.
ငါမရှိလို့များ
ကြွေကွဲလွမ်းဆွတ်နေမလား
ငါဘ၀ဟာ..တစ်နေ့နေ့မှာ

လွမ်းအိမ်သူ

လွမ်းအိမ်သူ
ဟယ်..ထားဝယ်သူလေးတွေ မောင်းမကန်မှာ ကနေကြပါလား..ငါလည်းလွမ်းနေမိတာပဲ..ကချင်လိုက်တာသူတိုလို့ပဲ..ဟ..လွမ်းနေမိပြီ ..ဒို့..ထားဝယ်ရေ..